Thursday, August 27, 2009

ကြားရ ကြားရ နားဝ မသက်သာ


(ဒီဇိုင်းဆူးရင့်)



အင်း ဒီနေ့ တန့်ဆည်က ညီမအရင်းလေး
ခင်ပြည့်လှိုင်ရဲ့ မွေးနေ့
“ ကိုကိုရေ .. ညီမအတွက် ဆုတောင်း ပေးဦးနော်၊
ပြီးတော့ ပြန်လာရင်လည်း
မွေးနေ့လက်ဆောင် ၀ယ်ပေးဦး ” ဆိုပြီး
ဖုန်းလှမ်းဆက်လိုက်တာကြောင့်
ဘုရားမှာ ညီမလေးအတွက်
ဆုတောင်း ပေးလိုက်ပါတယ်။


အဲ
အပြန် မနက်ခင်း (၉)နာရီလောက်လည်း ရောက် ရော့
သတင်းတစ်ခုက ကြားရပါလေရော့။


“လင်မယားနှစ်ယောက်
တိုက်တန်း (၇)လွှာကနေ
ခုန်ချကြတာ
နှစ်ယောက်လုံး ပွဲချင်းပြီးသွားတယ်”တဲ့


စမ်းချောင်းမြို့နယ်
ရွှေလ၀င်းလမ်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပါ။
ကျွန်တော်သွားကြည့်တော့
အောက်မှာ သွေးသံရဲရဲတွေနဲ့
လင်မယားနှစ်ယောက်ကို တွေ့ရပါတယ်။
နာမည်တွေကတော့ မပြောတော့ပါဘူး။



တစ်ချို့ ကတော့
သူတို့ နှစ်ယောက် စကားများရင်း
မယားဖြစ်သူက အရင်ခုန်ချလို့
ယောက်ျားက လိုက်ခုန် ချတာ။


နောက်တစ်မျိုး ပြောနေကြတာက
နှစ်ယောက်လုံး အကြွေးတွေ များပြီး
မဆပ်နိုင်လို ခုန်ချကြတာ ။


နောက်တစ်မျိုးကတော့
စကားများရင်း အားလွန်ပြီး
မိန်းမဖြစ်သူ လိမ့်ကျတော့
ယောက်ျားက လှမ်းဆွဲရင်း
နှစ် ယောက်လုံး အောက်ကို ကျသွားတာတဲ့ ။


အမျိုးမျိုး ပြောသံ ဆိုသံကို ကြားရပါတယ်။


ဘာဖြစ်လို့ သူတို့နှစ်ယောက်ရဲ့
ဘ၀နှစ်ခုကို အခုလို
ဆုံးဖြစ်သွားကြတယ်ဆိုတာ
ကာယကံရှင် နှစ်ယောက်မှသာ
သေသေချာချာ သိနိုင်လိမ့်မယ် ထင်ပါတယ်။


ဇနီး ဖြစ်သူက
ကျောင်းဆရာမလို့ သိရပါတယ်။
ခင်ပွန်းဖြစ်သူကတော့
နိုင်ငံခြားမှာ အလုပ်သွားလုပ်ခဲ့တယ်လို့
ပြောကြပါတယ်။


သား သမီး တစ်ယောက်မှ မရှိပါဘူး ။
လင်ဖက်ကလား မယားဖက်ကလား
မသိတဲ့ လေဖြတ်ဝေဒနာရှင်
အဘိုးကြီးတစ်ယောက်လည်း
အတူနေကြတယ်လို့ သိရပါတယ်။


အဲဒီ အဘိုးကြီးတော့
ဘယ်နည်း ဘယ်ပုံနဲ့
ရှေ့ ဆက်မယ်ဆိုတာကိုတော့ မသိရပါဘူး။


အခု သူတို့ရဲ့ ရုပ်အလောင်းတွေကို
သက်ဆိုက်ရာက
အအေးတိုက် ပို့လိုက်ပြီလို့ သိရပါတယ်။


ကြားရတဲ့ သတင်းကတော့
တကယ့်ကို နားဝမှာ
မသက်သာမိတာပါ။

ဆူးရင့်၊တန့်ဆည်၊

3 comments:

thurakyaw said...

ကိုကြီး ဆူးခက် ဆူးလှည်းထဲ ပါနေမယ်နော် ဟဲဟဲ။စာရေးဆရာဆိုတာ ခံစားတတ်ပါတယ်။စိတ်မချမ်းသာဘူးပေါ့။ဆင်ခြင်ရေးနော်။ညှိ ထိ သိ။အားပေးပါတယ်ဗျာ။

မေဇင် said...

ကြားရတာတောင် စိတ်မကောင်းဘူး ... ကိုယ်တိုင် မြင်ရတဲ့ လူတော့ ပိုဆိုးမှာပေါ့နော်....။

မချစ်ရ said...

ကြောက်စရာကြီးနေမှာပဲနော်
စိတ်မကောင်းစရာပါပဲ

LinkWithin

Related Posts with Thumbnails