Sunday, January 4, 2009

ကောင်းရာသုဂတိ လားပါစေ

အမေ
မပြီးပြတ်ခဲ့တဲ့ အသံတွေ
ဆူဆူဝေေ၀ ပွင့်အန်ထွက်ခဲ့ကြပေမယ့်
ရေများ ရေနိုင် ၊ မီးများ မီးနိုင်
ဆိုတဲ့
စကားပုံသာ ကျန်ရစ်ခဲ့တယ်။

ခလုတ်တံသင်းဟာ
ဖြစ်ရိုး ဖြစ်စဉ်အတိုင်း
ကန့်လန့် ရှိနေဦးမှာပဲ။

ပထမ
လွတ်လပ်ရေးကို အရယူခဲ့တဲ့
ဗိုလ်ချုပ်နဲ့ မျိုးချစ်သားကောင်းများ အတွက်
ဆုတောင်း အမျှဝေရင်း
သတိတရ လွမ်းဆွတ်ရင်း
ဘုရားပေါ် ရောက်ခဲ့။

ကျီးကန်းတစ်ကောင်က တအီးအီး အော်နေတာက အစ
တစ်ချွင်ချွင် လွင့်လွင့်လာတတ်တဲ့ ဆွဲလည်းသံက အစ
ခိုတွေလို လူတွေ ငြီးတွားသံမျိုးစုံက အစ
ကြားရင်း ကြားရင်း
နားထောင်ရင်း
အချိန်


အမေကိုလည်း သတိရတယ်
အမေကိုလည်း သတိရတယ်
အမေကိုလည်း သတိရတယ်
အမေကိုလည်း သတိရတယ်
အမေကိုလည်း သတိရတယ်
အမေကိုလည်း သတိရတယ်
အမေ
အမေ
အမေ
အမေ နေကောင်းပါစ ။

ပုရွတ်ဆိတ်တွေလို လူတွေဟာ
ဖိနပ်တွေ ၊ အိတ်တွေ ၊ နွေကာ ၊ မိုးကာ ၊ ဆောင်းကာတွေ
သယ်ဆောင်လို့
အလုပ်ရှုပ်နေကြတယ်။

ထမင်းနပ် မမှန်တဲ့ နေ့ရက်မှာ
ခေတ်အဆိုး ခေတ်အပျက်ကြီးကို
အာဟာရလုပ်ပြီး စားသောက်ခဲ့ရ ။

အိပ်လို့ ရတဲ့ ခင်များတို့
ဝအောင် အိပ်ကြပါလေ။
ကျွန်တော် ပျောက်သွားတဲ့ ကျွန်တော့်ကို
လိုက်ရှာပါရစေဦး ။

ကျွန်တော်နဲ့ ကျွန်တော်တို့အားလုံး
မပြတ်သားခဲ့လို့
မရဲရင့်ခဲ့လို့
အခုလို
ကျွန်တော်နဲ့ ကျွန်တော်တို့အားလုံး ဖြစ်နေတာ ။

နောင်နှစ်........
ကြာမြင့်တဲ့ အခါ
အနာအို အနာဟောင်း အနာဆွေးများ
ဂီတ အဖြစ် ၊ သံစဉ် အဖြစ်
မနက်ခင်း အဖြစ်
နေ့ အဖြစ်
ည အဖြစ်
အဖြစ်
အဖြစ်
အဖြစ်
တကယ့် လွတ်လပ်မှု အဖြစ်။

ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာဘူး
သီချင်းကို နားထောင်လိုက်ပါ ။

2 comments:

ဂျူဝသန် said...

သိပ်ကောင်းတဲ့ ကဗျာ တစ်ပုဒ်ပဲ သယ်ရင်း.. မမျှော်လင့်ပဲ ဖတ်လိုက်ရလို့ ကျေးဇူးတင်ပါတယ်။ ငါလည်း မင်းလိုဖျင်းပါတယ်.... မင်းကဗျာကို ရင်နဲ့ခံစားပီးဖတ်ခဲ့လိုက်ပါတယ်။ တနေ့နေ့ပေါ့....... တနေ့နေ့ပေါ့.... တနေ့နေ့ပေါ့... အလင်းတန်းတွေ ရောက်လာပါလိမ့်မယ်။ မင်းလက်တွေ ဓါးလို ထက်မြသွားတဲ့အခါ... အဲဒီလို ကဗျာ တွေ ထပ်ေ၇းပါအုံး။

Anonymous said...

အမေကို တမ်းတသွားတာလေးကောင်းတယ်ဗျ

အင်း ..ထိုင်နေရင်တော့ ဘာမှ မဖြစ်လာဘူး

အမေကဗျာလေးကိုဖတ်ရင် ငေးမောသွားပါတယ်

LinkWithin

Related Posts with Thumbnails