Thursday, October 25, 2012
Wednesday, October 10, 2012
သိတယ်မို့လား သံသရာလေ ရပ်တန့်မနေဘူး
ကြားခံမလိုတော့ ဆက်စပ်စိတ်က ကိုယ့်ညံ့ဖျင်းမှုနဲ့ ကိုယ်
မရပ်မနား ဆက်တိုက် လည်ပတ်လွှင့်ထုတ်လို့
အမှု အကြောင်းအရာ နေရာ ဒေသ အချိန်
လူအမျိုးမျိုး နတ်အမျိုးမျိုး အဖုံဖုံ အစုံစုံ အလင်လင် လင်း/မှောင်လို့
ဆက်တိုက်ကြီး ဆက်တိုက်ပဲ မရပ်မနား လည်ပတ် လွှင့်ထုတ်နေကြတယ် လူသား
နံနက် နေ့ ည နာရီ မိနစ် စက္ကန့်မခြား မရပ်မနား ဆက်တိုက် လွှင့်/ထုတ်
လောဘရောဂါ ဓား၊ လောဘရောဂါ သေနတ်၊ လောဘရောဂါ လက်နက်
အာသ၀ သြဃ ယောဂ ဂန္ထ ဥပါဒါန် နီဝရဏ အနုသယ သံယောဇဉ် ကိလေသာ
တုတ် ဓား သေနတ် လက်နက် နျူ အနုမြူ အသက်ချွေ မစ်ဇိုင်းတွေ အဓိက
အကြောင်းပြချက် စာရွက်တွေ စာချုပ်တွေ စကားလုံးတွေ အဆိပ်တွေ စိတ်တွေနဲ့
မရပ်မနား ဆက်တိုက် လည်ပတ် လွှင့်ထုတ်နေကြတယ်
ရွေ့ရွေ့လျားလျား လွင့်နေ ၀ဲနေ အလျဉ်ရှည်လျားနေကြတယ်
အပြီးသတ် မဆုံးချုပ်နိုင်တဲ့ ဘ၀၊ ဘ၀အသစ် အဟောင်း၊ အဟောင်း အသစ်
အကွေး အဖြောင့် စက်ဝိုင်း ဘဲဥ ဒေါင့်အမျိုးမျိုး အဖုံဖုံ အစုံစုံ
မွေးဖွား ရှင်သန် ရုန်းကန် ကူးခတ် သေဆုံး မွေးဖွား ရှင်သန် ရုန်းကန် ကူးခတ် သေဆုံး မွေးဖွား
ရှင်သန် ရုန်းကန် ကူးခတ် သေဆုံး မွေးဖွား ရှင်သန် ရုန်းကန် ကူးခတ် သေဆုံး မွေးဖွား……….
…………………………………………………………………………………………………………များစွာ
သွေးစက် သွေးအိုင် ခြေပြတ် လက်ပြတ် အနာ ဒဏ်ရာ ဒုက္ခိတ ထိ ရှ ပွန်း ပဲ့
လူသေအလောင်း ကျည်ဆန် ယမ်းနံ့ ဆေးဝါ ဖရိုဖရဲ ဆိုးဝါး ဖြစ်စဉ် စစ်/ စစ်/ စစ်/
စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/
အမျိုးသားရေး စစ်၊ ဘာသာရေး စစ်၊ နယ်ချဲ့ စစ်၊ ကမ္ဘာ စစ်
မသိစိတ်မှာ မြင်ရတဲ့ သွေးပျက်ဖွယ် မြင်ကွင်း မြင်ကြည့်ပါ မြင်ကြည့်ကြပါ
လိုချင်မှု ခက်ထန်မှု အမှန်တရားဖုံးလွှမ်းမှု သွေးငတ်နေတဲ့ မကောင်းဆိုးဝါးပဲ
မြန်မာဟာ ယဉ်ကျေးသော ဘာသာတရားရဲ့ အရိပ်မှာ လူသားဆန်ချင်ပါတယ်
စစ်ပွဲတွေ ရပ်ပါ၊ အကြမ်းဖက်မှုတွေ ရပ်ပါ၊ အစွန်းရောက်မှုတွေ ရပ်ပါ
အော်သံတွေ အဟောသိကံအဖြစ် ပျောက်ကွယ် မသွားရပါလို၏ မြတ်စွာ
ကိုယ်ဟာ ပုထုဇဉ်ပါ၊
ကိုယ်ဟာ အန္ဓ အကန်း အမိုက်ပါ ကိုယ့်စိတ်ဟာ ပုထုဇဉ်ဆန်တယ်
ကိုယ်စိတ်ဟာ အကန်းအမိုက်ဆန်တယ်
သည်းခံခြင်းကိုလည်း အတိုင်းအတာနဲ့ လည်ပတ်တတ်ပါတယ်
ကိုယ်ဟာ အသွေးနဲ့ အသားနဲ့ ရုပ်နဲ့ နာမ်နဲ့
ကိုယ့်အမှောင်အမည်းဟာ သိမှု မြင်မှုစွမ်းအင်ကို ပိတ်ဆို့ထားပါတယ်
ကြည်လင်ပြတ်သားခြင်းေ၀၀ါးရှုပ်ထွေးခြင်း ပဋိသန္ဓေ ဘ၀င် ၀ီထိ စုတိ
များစွာ များစွာ ယန္တရားဟာ လှည်းဘီးလို စက်ဘီးလို ကားဘီလို
ေ ခြ း သြ ာ း စိ ပ္ ေ တြ လို
အစမရှိ အဆုံးမရှိ မရပ်မနား ဆက်တိုက် လည်ပတ် လွှင့်ထုတ်နေကြတယ်
ဆက်တိုက်ကြီး ဆက်တိုက်ပဲ လူသား။ ။
ဆူးရင့်
Wednesday, October 3, 2012
စကားထာ
လတ်တလော ခံစား ရှုမြင်မှုက သွေးပျက်ဖွယ် အသေ
ပန်းတိုင်ဆီ ရောက်ချင်လား မေးတော့ ငါ့အတွက် နိုးပဲ
လည်ပတ်နေတဲ့ ယန္တရားဟာ ဖူးစာ ဦးရာ မူးမူးလာ
ကဗျာတွေဆီ ပေါ်ပင် ရွေ့လျားလာတတ်တဲ့ ခေတ်မီမှု
အဟတ် ဟတ်
ဦးနှောက် အပူချိန်ရဲ့ အရှိန်
စာမျက်နှာ အက်ကွဲသွားနိုင်ကြောင်း သိပါ
ငိုသံအပြည့် သယ်ဆောင်လာတဲ့ အမှောင်ကား ပစ္စုပ္ပန်တည့်တည့်
ဝတ်ဆင်သည် စားသောက်သည် တွန့်ကြေသွားကြသည်
မျက်ဝန်းထဲက ကုန်ဆုံးသွားတဲ့ အရည်တွေဟာ ရလဒ်ပဲ
အနုပညာ စိတ်ကြိုက် ဖန်တီးလို့ ရတယ်
စိတ်ကြိုက် ဖျက်စီးပစ်တဲ့ ပြကွက်တွေလည်း အနုပညာပဲ
ဂွတ်
မင်းမသိသေးတဲ့ ရောင်စုံစကားလုံးတွေ
မင်းမသိသေးတဲ့အတိုင်း ထိန်းထားမယ်
သိမ်းထားတဲ့ နေရာက တစ်လက္မ မရွေ့စေရဘူး
အဓိပ္ပာယ် မရှိဘူး ပြောလာရင်လည်း ခွင့်လွှတ်ပြီးသားပါ
လိုင်းပေါ်က အကောက်အကွေ့တွေအတွက် မိသားစုဆန်ရမယ်
ပြင်ဆင်ခွင့် မရလိုက်တဲ့ နံပါတ်စဉ် ဇီးရိုး ဇီးရိုး
အနက်ရောင် အခင်းအကျင်းက တစတစ တိတ်ဆိတ်သွားတယ်
အပြိုအပျက်ထဲက တံခါးများ ပွင့်ပွင့်လာတယ်
Name နေရာမှာ sueyint လို့ ရိုက်ထည့်လိုက်တယ်။ ။
ဆူးရင့်
Sunday, September 23, 2012
ဒါကြောင့် ငါ့ကို ညလို့ခေါ်တယ်
စံသွေပြဿနာ ရိုက်ချက်….သင်္ခန်းစာ 2012 အမှတ် 000001
အသေအချာ အပ်ကြောင်းထပ် စကားလုံးမိုင်း သားကောင် ချစ်လှစွာသော ကိုကဗျာထံ
ညက်ညက်ကြေ အံဝှက်ခွေးသွားစိပ် ဘေဒအကျိုးအပျက် ခြ (အင်းဆက်) မဖွယ်မရာ သတိရစွာဖြင့်
ခွေးကိုက်ခံ အရိုးအသား အမည်မည်း ရုပ်တရားများ လှဲတင် စာရေးလိုက်ပါတယ်
ည အပျက်အပျက် အပျိုရည်အပျက်အပျက် နှာခေါင်း သွေးမထွက်ပဲ မင်းနေကောင်းရဲ့လား
အာ…ခေါင်...ခြောက်…တယ်။
အရှင်ဥတ္တမကျော် ရန်ကုန်သွား မြို့လားလင်္ကာ စသဖြင့် ရှိခဲ့ရင် သမိုင်းပိုလှလိမ့်မယ်
အုတ်ကျင်းအရပ်ဆီက ထာဝရ ခိုင်
ကြားခံ တပ်လှန့် တံလျှပ် ဘီးများ ကျွီ ကျွီ ကျွီ မိတ္တူရပြီ
စိတ်ကူးယဉ်မိတာလေးအတွက် လူမိုက်လုပ်မယ်ဆိုရင် လက်ခလယ်ကို ထောင်တတ်ရမယ်
ကိုယ်အရှင် လိင်ပြန်ရင် ဆပ်သွားဖူးတို့ တစ်ရုံ နှစ်ရုံ တော်ပြီကွာ ဂက်စ်ထည့်သည်
ဒီအတိုင်းပစ်ထားတော့မလား Questionဥပါဒ်အတွက် Answerဥပါဒ်ရောက်ပါမယ်
ကျေးတွေ အုံစေ မြိုင်မြိုင်ဆိုင် ဝေလျှက်
ငါ့ကိုသာ ဒုက္ခပေးပါ၊ ညကို မနှိပ်စက်ပါနဲ့။ ၀ှီးဝှီး ရွှစ် ….ဂေါက်ငေးကြောင်ကျ
သွေးစက်ဟာ ကြမ်းပြင်ရဲ့ မိတ်ဆွေစိမ်း
အို ကဗျာလောကကြီးငဲ့
ဘေဒ
သီအိုရီ တက္ကနစ် အစ်ဇင် အဟိုင်း(ချောင်းဟန့်သံ သက်သက်) လူဝေ လူဝါးဝသမား
လူလည် ညှော်တစ်ရာတိတိ အာဂုံဆောင်ထားခဲ့တယ်။
တပိုတပါးကိစ္စများအတွက်
ဥယျာဉ်တော် တည်ဆောက်ခန်းပေါ့
စည်း/ ကြိုးဝိုင်းမှာ နဲ့နဲ့ယိုင်လဲကျ၊ ဆွဲ…ဆရာရေ….သင်္ချုံင်းမှတ်တိုင်အထိ လိုက်ရင် တင်မယ်။
မှန်တွေချည်း လက်လက်တောက် အ အက္ခရာတစ်လုံး အဖုံးအတွင်းပါခဲ့ရင် အမှန်အကန် ကားတစ်စီး ကံစမ်းမဲ
သွေးသားယားယံမှု စိတ်လေထိုးရုပ် ပွေး ၀ဲစို ၀ဲခြောက် ရော့ ငါ့စိတ်ကို ဖွင့်ဖို့ သော့
နည်းနည်းပဲ ပွင်အာလာသေးတဲ့ လူ့အခွင့်အရေး၊ အဘ အသည်းအသန်ဖြစ် ငြိမ်းချမ်းရေး အမြန်လာ၊
လမ်း အရောင်းအဆင်းမဲ့ မတော်တဆ အက်ဆီးဒင့်
ရကောက်ကို ၀ဆွဲတတ်ရုံလောက်နဲ့ ရွှေဖြစ်မယ်ထင်ရင် နားကို အပေါက်ဖေါက် စောင့်ကြည့်
ရွ ရွ ရွ ရွ ရွ ရွ ရွ ရွ ရွ ရွ ရွ ရွ ရွ ရွ နုပြီး ရွနေ ကြွနေ လှနေတဲ့ သဒ္ဒါရုံအသံလွှင့်ဌာန
2003 အွန်ပေပါပေါ်က ကဗျာ ကိုယ့်ဆိတ်သုဉ်းမှုပါ၊ 2006 အွန်လိုင်းပေါ်က ကဗျာ ကိုယ့်လေဟာနယ်ပါ
လက်ကျန်ဆွေးဆွေး ငွေ့ငွေ့လေး မထိသေးဘူး၊ ဆဲလိုက် ကဗျာ မရှိ၊ ကဗျာဆရာ မရှိ၊
ချချနင်းခံလိုက်ရတဲ့ စကားတစ်လုံးဟာ နိုင်ငံရေး နိုင်ငံရေး ရို့ ရို့ အာဟ အာဟ
အဆင့်အတန်းမရှိ အိမ်သာထဲ ဆေးလိပ်သောက်ချင်သူတွေ၊
မမ ဒီ၊ မမ မို၊ မမ က၊ မမ ရေ၊ မမ စီ၊
ငိုက်သူနှိုး လှုပ်လှုပ်ယမ်းခါနေတာ ညှောင် ညှောင် ညှောင်
အမဲသားထဲက အဆိပ်၊ ၀က်သားထဲက အဆိပ်၊ မဆလာထဲက အဆိပ်
ရခိုင်၊ လက်ပတောင်း၊ ပေကုန်း...အတွင်းချမ်း ချမ်းပြီး ဖျားတယ် ဒေါက်တာ။
မျက်လုံးကို ဆွဲမှတ် ထိုးသွင်း မော့သောက်
များသွားတယ် အသစ်အသစ်ငှက်ဖျား၊ ဟူးဟူးတွေ ထွက်ကျလာပြီ..ဟဲဟဲ ဟီးဟီး ဟားဟားများ ရပ်တန့်ပါ။
ညီမလေး အေးအေးဆွေရေ…ညီလေး ထွန်းဝင်းရေ…ရန်ကုန်၊ ဘုရားဖူး၊ ဒေသန္တရ၊ ဗဟုသုတ ငါညံ့ဖျင်းလှချေရဲ့
မပြေလည်မှုနဲ့ ငိုချုပ်ခဲ့ရတဲ့ တိတ်တဆိတ်များစွာ၊ D.ငွေကြေးအခက်အခဲ၊ D.ဒီပရက်ရှင်၊ D.လမင်း မွေးနေ့ အညွတ်
အမျှ အမျှ အမျှ၊ ရေအောက် အမှောင် အော့အန်သံများ၊ ဆူးရင့် ဆူးရင့် ဆူးရင့် ဆူးရင့် ဆူးရင့်
အော်/လက်ခုပ်/လက်နက်=သံများ
သွေဖည်အကျီးတန်ရတယ်။ D.နုနု အခြေအနေမှာ မရပ်သေးသော စစ်ပွဲနဲ့ သေမှုသေခင်း၊
မတရားဖိနှိပ်မှု၊ တရားစွဲဆိုခြင်း၊ ဖက်ရှင်ဒီဇိုင်း၊ ရေကြီးမှု
များများလာတယ်။
ညကို ကြောက်လို့ ပြေးနေတယ်၊
မရှိတဲ့ကဗျာကို မရေးဖြစ်သေးဘူး လမင်း၊ မရှိတဲ့ ထမင်းကို မစားဖြစ်သေးဘူး လမင်း၊
မရှိတဲ့ စကားကို မပြောဖြစ်သေးဘူး လမင်း၊ မရှိတဲ့ အာရုံငါးပါးကို လိုချင်မိပါတယ်။
ေ၀၀ါး လူးလှိမ့် သက်ပြင်းချ အမိုက်တိုက်ထဲ။
ဆူးရင့်
Saturday.september 15
1:24 AM
Thursday, September 6, 2012
09 .....ဆက်သွယ်မှု ဧရိယာအတွင်း
73023366=သိမ်သိမ်မွေ့မွေ့ပဲ သက်စောင့်ဓားကို သွေးနေတယ်
73131185=ဝေဖန်မှု ခေါင်းစဉ်အောက် ခွန်အားမဲ့ သီချင်းကို နားမထောင်ချင်ဘူး
73069365=အင်္ဂါဂြိုဟ်ရဲ့ အမြီးဖွားဖွားမှာ မျှော်လင့်ချက်က ရိရိဆွေးလို့
73131328=နေရောင်ခြည်ဟာ လူသားစံနှုန်းရဲ့ ရောဂါပိုးကို သတ်ဖြတ်ဝါးမျိုတတ်ပါတယ်
73073546=မြွေဆိုးတစ်ကောင်ရဲ့ အရောင်များ၊ သက်ရောက်အရှိတရားကို ပွင့်အန်ပါ
43077701=လက်ခုပ်ထဲက အဟန့်အတားကို အရှိန်ပြင်းပြင်း ချကျွေးပါ ဘေဘီ
00000000=ငါ့ရဲ့ ခံစားမှုဟာ ငါ့ရဲ့ သွေဖည်ခြင်းပဲ
Xxxxxxxxx=ဇကာစိပ်စိပ်နဲ့ စစ်ချူမိတဲ့ မိတ်စစ် မိတ်တု မိတ္တူမျက်နှာဖုံး
43064319=ထွေရာလေးပါး ပန်းတွေလည်း ရောင်စုံ ပွင့်ခဲ့ပါပြီ
421057424=စိတ်မှီတိုင်မှာ ရှေးရိုးစွဲ ၀မ်းစာအတွက် သေသလို နားစွင့်ရင်း
43179914=ရင်ဘတ်ရဲ့ ညာဖက်ခြမ်းက အသံကို ဖျောက်ဖျက်ဖို့ အသင့်ပြင်ထားတယ်
421023818=ချမိတဲ့ ကောက်ချက်တွေလည်း သစ္စာမဲ့သင့်ရင် မဲ့ရမှာပဲ
400009729=အိုး အင်္ဂါမစုံတဲ့ အငွေ့ပျံမှု
432566542=ခရမ်းရောင် အပူရှိန်ဟာ ငါ့နှလုံးခုန်သံကို စောင့်ရှောက်ထားတယ်
450031583=မပြတ်သားမှုအတွက် ကိုယ့်ကိုယ်ကိုယ် အိပ်မွေ့ချတယ်
421012647=ဘယ်ဘက်ခြမ်းက ရင်နာမှာ မန်းသွေးပြည်ပုတ် ကိုက်ခဲလို့
458032409=၀ဋ်နာကံနာကို ပွေ့လို့ အားပေးစကားလေး ပြောပါဦး ဇနပဒကလျာဏီ
421018267=နာရီလက်တံ ဆိုးဝါးသားရဲတွေ ရပ်
420045595=အညစ်အကြေး အိပ်ပျက်ညတွေ ရပ်
000000000=အပေါစား ရင်ငွေ့ထောင်းထောင်းတွေ ရပ်
731142856=ရင်ကြိုးတန်းလန်း ဘ၀ရဲ့ သော့ချက်တွေ ရပ်
5060260=ငါ့လက်နဲ့ ရေးမိတဲ့ ငါ့ရဲ့ လက်ရေးအက္ခရာတွေ ရပ်
420052178=လရောင်ငတ်သူဟာ လရောင်ကိုပဲ မျှားပါတယ် အဲလို အရေးအသားတွေ ရပ်။
ဆူးရင့်
မှတ်ချက်။ ။ လေးစားခင်မင်ရတဲ့ သူငယ်ချင်း ကဗျာဆရာ ဆရာမများရဲ့ ဖုန်းနံပါတ်များကို
ခုတုံးလုပ်မိသည့်အတွက် အားလုံးကို တောင်းပန်ပါသည်။
Subscribe to:
Posts (Atom)
