ဘ၀နဲ့အမျှ
မတူညီသော နေ့တစ်ခုလို
အေးမြလို့နေတယ်
နေရာလေးတစ်ခုမှာလို
တကယ်လို့များ ရောက်ရှိခဲ့ရင်
ရည်မှန်း၍ ခံစားလို့ရရင်
အဲဒါကိုပဲ သိရှိခဲ့ရင်
ပန်းအသစ်လေးနဲ့
ပန်းအိုးလေးရယ်
ထွက်ခွာသွားသူ
ဒါမှမဟုတ် အဲဒီလက်အစုံလေးကို သိလိုပါတယ်
မြင်နေရမှုထဲမှာ
ချန်နေခဲ့ခြင်းတွေက လှပလွန်းတော့
ငါတစ်ပါးထဲပါပဲ
မစိုမခြောက်ရေလေးနဲ့
ပန်းတင်ခုံလေးကို ငေးလို့
နေ့တစ်ခုထဲမှာ
အသစ်တွေ့ရှိချက်တွေ
ဒါလဲ မထူးဆန်းတော့ပါဘူး
တစ်နေ့တော့
အိန္ဒိယကို ပြန်လာပါလို့ ပြောရင်
ငိုကြွေးမြည်တမ်းနေသူက
*မြလေးပန်းလေးနဲ့
ကျောင်းတော်မှာ
သစ်ရွက်တွေလည်း ကြွေလို့ကြွေတိုင်း
ငါ့မှာ သင်္ကန်းတွေလည်း
ပျောက်ခဲ့၊ သပိတ်တွေလည်း မှောက်ခဲ့ပေါ့
အရှင်အာနန္ဒာ
ဘယ်နားမှာ ဆိုတာပဲ
သိလိုပါတယ်။
မင်းဆက်
*မြလေးပန်း
= သုမန
1 comment:
good par tal..
i like that...
Post a Comment