Wednesday, October 10, 2012

သိတယ်မို့လား သံသရာလေ ရပ်တန့်မနေဘူး

ကြားခံမလိုတော့ ဆက်စပ်စိတ်က ကိုယ့်ညံ့ဖျင်းမှုနဲ့ ကိုယ် 
မရပ်မနား ဆက်တိုက် လည်ပတ်လွှင့်ထုတ်လို့
အမှု အကြောင်းအရာ နေရာ ဒေသ အချိန် 
လူအမျိုးမျိုး နတ်အမျိုးမျိုး အဖုံဖုံ အစုံစုံ အလင်လင် လင်း/မှောင်လို့
ဆက်တိုက်ကြီး ဆက်တိုက်ပဲ မရပ်မနား လည်ပတ် လွှင့်ထုတ်နေကြတယ် လူသား
နံနက် နေ့ ည နာရီ မိနစ် စက္ကန့်မခြား မရပ်မနား ဆက်တိုက် လွှင့်/ထုတ်
လောဘရောဂါ ဓား၊ လောဘရောဂါ သေနတ်၊ လောဘရောဂါ လက်နက်
အာသ၀ သြဃ ယောဂ ဂန္ထ ဥပါဒါန် နီဝရဏ အနုသယ သံယောဇဉ် ကိလေသာ
တုတ် ဓား သေနတ် လက်နက် နျူ အနုမြူ အသက်ချွေ မစ်ဇိုင်းတွေ အဓိက
အကြောင်းပြချက် စာရွက်တွေ စာချုပ်တွေ စကားလုံးတွေ အဆိပ်တွေ စိတ်တွေနဲ့
မရပ်မနား ဆက်တိုက် လည်ပတ် လွှင့်ထုတ်နေကြတယ်
ရွေ့ရွေ့လျားလျား လွင့်နေ ၀ဲနေ အလျဉ်ရှည်လျားနေကြတယ်
အပြီးသတ် မဆုံးချုပ်နိုင်တဲ့ ဘ၀၊ ဘ၀အသစ် အဟောင်း၊ အဟောင်း အသစ်
အကွေး အဖြောင့် စက်ဝိုင်း ဘဲဥ ဒေါင့်အမျိုးမျိုး အဖုံဖုံ အစုံစုံ
မွေးဖွား ရှင်သန် ရုန်းကန် ကူးခတ် သေဆုံး မွေးဖွား ရှင်သန် ရုန်းကန် ကူးခတ် သေဆုံး မွေးဖွား
ရှင်သန် ရုန်းကန် ကူးခတ် သေဆုံး မွေးဖွား ရှင်သန် ရုန်းကန် ကူးခတ် သေဆုံး မွေးဖွား……….
…………………………………………………………………………………………………………များစွာ
သွေးစက် သွေးအိုင် ခြေပြတ် လက်ပြတ် အနာ ဒဏ်ရာ ဒုက္ခိတ ထိ ရှ ပွန်း ပဲ့
လူသေအလောင်း ကျည်ဆန် ယမ်းနံ့ ဆေးဝါ ဖရိုဖရဲ ဆိုးဝါး ဖြစ်စဉ် စစ်/ စစ်/ စစ်/
စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/
အမျိုးသားရေး စစ်၊ ဘာသာရေး စစ်၊ နယ်ချဲ့ စစ်၊  ကမ္ဘာ စစ်
မသိစိတ်မှာ မြင်ရတဲ့ သွေးပျက်ဖွယ် မြင်ကွင်း မြင်ကြည့်ပါ မြင်ကြည့်ကြပါ
လိုချင်မှု ခက်ထန်မှု အမှန်တရားဖုံးလွှမ်းမှု သွေးငတ်နေတဲ့ မကောင်းဆိုးဝါးပဲ
မြန်မာဟာ ယဉ်ကျေးသော ဘာသာတရားရဲ့ အရိပ်မှာ လူသားဆန်ချင်ပါတယ်
စစ်ပွဲတွေ ရပ်ပါ၊ အကြမ်းဖက်မှုတွေ ရပ်ပါ၊ အစွန်းရောက်မှုတွေ ရပ်ပါ
အော်သံတွေ အဟောသိကံအဖြစ် ပျောက်ကွယ် မသွားရပါလို၏ မြတ်စွာ
ကိုယ်ဟာ ပုထုဇဉ်ပါ၊ 
ကိုယ်ဟာ အန္ဓ အကန်း အမိုက်ပါ ကိုယ့်စိတ်ဟာ ပုထုဇဉ်ဆန်တယ်
ကိုယ်စိတ်ဟာ အကန်းအမိုက်ဆန်တယ် 
သည်းခံခြင်းကိုလည်း အတိုင်းအတာနဲ့ လည်ပတ်တတ်ပါတယ်
ကိုယ်ဟာ အသွေးနဲ့ အသားနဲ့ ရုပ်နဲ့ နာမ်နဲ့ 
ကိုယ့်အမှောင်အမည်းဟာ သိမှု မြင်မှုစွမ်းအင်ကို ပိတ်ဆို့ထားပါတယ်
ကြည်လင်ပြတ်သားခြင်းေ၀၀ါးရှုပ်ထွေးခြင်း ပဋိသန္ဓေ ဘ၀င် ၀ီထိ စုတိ
များစွာ များစွာ ယန္တရားဟာ လှည်းဘီးလို စက်ဘီးလို ကားဘီလို
ေ ခြ း သြ ာ း စိ ပ္ ေ တြ လို
အစမရှိ အဆုံးမရှိ မရပ်မနား ဆက်တိုက် လည်ပတ် လွှင့်ထုတ်နေကြတယ်
ဆက်တိုက်ကြီး ဆက်တိုက်ပဲ လူသား။ ။

ဆူးရင့်

Wednesday, October 3, 2012

စကားထာ

လတ်တလော ခံစား ရှုမြင်မှုက သွေးပျက်ဖွယ် အသေ
ပန်းတိုင်ဆီ ရောက်ချင်လား မေးတော့ ငါ့အတွက် နိုးပဲ
လည်ပတ်နေတဲ့ ယန္တရားဟာ ဖူးစာ ဦးရာ မူးမူးလာ
ကဗျာတွေဆီ ပေါ်ပင် ရွေ့လျားလာတတ်တဲ့ ခေတ်မီမှု
အဟတ် ဟတ်
ဦးနှောက် အပူချိန်ရဲ့ အရှိန်
စာမျက်နှာ အက်ကွဲသွားနိုင်ကြောင်း သိပါ
ငိုသံအပြည့် သယ်ဆောင်လာတဲ့ အမှောင်ကား ပစ္စုပ္ပန်တည့်တည့်
ဝတ်ဆင်သည် စားသောက်သည် တွန့်ကြေသွားကြသည်
မျက်ဝန်းထဲက ကုန်ဆုံးသွားတဲ့ အရည်တွေဟာ ရလဒ်ပဲ
အနုပညာ စိတ်ကြိုက် ဖန်တီးလို့ ရတယ်
စိတ်ကြိုက် ဖျက်စီးပစ်တဲ့ ပြကွက်တွေလည်း အနုပညာပဲ
ဂွတ်
မင်းမသိသေးတဲ့ ရောင်စုံစကားလုံးတွေ
မင်းမသိသေးတဲ့အတိုင်း ထိန်းထားမယ်
သိမ်းထားတဲ့ နေရာက တစ်လက္မ မရွေ့စေရဘူး
အဓိပ္ပာယ် မရှိဘူး ပြောလာရင်လည်း ခွင့်လွှတ်ပြီးသားပါ
လိုင်းပေါ်က အကောက်အကွေ့တွေအတွက် မိသားစုဆန်ရမယ်
ပြင်ဆင်ခွင့် မရလိုက်တဲ့ နံပါတ်စဉ် ဇီးရိုး ဇီးရိုး
အနက်ရောင် အခင်းအကျင်းက တစတစ တိတ်ဆိတ်သွားတယ်
အပြိုအပျက်ထဲက တံခါးများ ပွင့်ပွင့်လာတယ်
Name နေရာမှာ sueyint လို့ ရိုက်ထည့်လိုက်တယ်။ ။

ဆူးရင့်

LinkWithin

Related Posts with Thumbnails