Saturday, August 29, 2009

ကဗျာ ဆရာ




သက်ပြင်းနဲ့ ဗီလိန်နေ့စွဲတွေအကြား
သူရဲကောင်း တံဆိပ်ကို ရွေးခြယ်ပြီး

စားလုံးထွင်းယူလိုက်တဲ့ သူ
လူရာမ၀င်သလောက် လမ်းရာဝင်မိတော့

အရာအားလုံး အနိစ္စအသွင်ဆောင်တယ်။

သူဟာ စိတ္တဇလောင်ကွင်းမှာ
အသံချိုချို အော်မြည်တတ်တဲ့ ငှက်
ကျောက်မီးသွေး မလုံမလောက်နဲ့
ခုတ်မောင်းနေတဲ့ ရထား

ကမ္ဘာမှာ ဈေးကွက်မရှိတဲ့

လူသုံးကုန် လူပစ္စည်းဖြစ်သလို

ဘေးက ကြည့်ရင် ရယ်ဖို့ ကောင်းတဲ့
ဟာသတစ်ပုဒ်နဲ့

ခင်များတို့ မွန်းကြပ်မှုအတွက်

ခလုပ်မနှိပ်ဘဲ ပွင့်လာတဲ့
တံခါးတစ်ချပ်လည်း ဖြစ်တယ်။


ငယ်ငယ်က မွတ်သိပ်ခဲ့တဲ့
အောင်မြင်မှုကို

အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပြီ
မိုက်မဲလွန်းတဲ့ ဘ၀ဟာလည်း

သူ့ ရင်လွယ်အိတ်ထဲ

အလိုလို ရောက်သွားပြန်ရော့။


ဆူးရင့်၊တန့်ဆည်၊

2 comments:

ကျောက်တာ said...

အစ်ကိုရေ အလုပ်မရှိဘဲ အလုပ်ရှုပ်နေလို့ ဗျာ။ကဗျာ ဆရာကိုတော့ စိတ်ဝင်စားသွားပါတယ်။

Angel Shaper said...

အားးးးးးးးပါးးးးးးးးးး
လွတ်လပ်လိုက်တဲ့ စာသားတွေဗျာ။။
ကဗျာဆရာ လေး တော်တော်ကောင်းတယ်ဗျိုးးးးး
များများရေးနိုင်ပါစေနော်။
နောက်ထပ် အများကြီးဖတ်ဖို့  မျှော်နေတယ်နော်။

LinkWithin

Related Posts with Thumbnails