Saturday, August 22, 2009

သံသရာ စက်ဘီး



မပြတ် မသားနဲ့
ပါးကွက်ကြား လမ်းမတွေပေါ်
လားရာ ကိုယ်စီ
ရွေ့ လျား ခုတ် မောင်း။

သုံးချက်ညီ
အထွက် အ၀င် တည်ရှိမှုတွေ
ခရီး ဖြတ်သန်း ဦးတည် ရှင်သန်မှုတွေ။

အခန့်မသင့်ရင် အချစ်ဆုံးက အမုန်းဆုံးဖြစ်
အခန့်မသင့်ရင် မိတ်ဆွေအစစ်က ရန်သူအစစ်ဖြစ်
လှည့်ပတ် ကျင်လည်ရာ အ၀န်းအ၀ိုင်းက
လပြည့်တစ်ညလို လင်းလက်ပြီး
လကွယ်တစ်ညလို မည်းမှောင်လွန်းရဲ့ ။

ငါဟာ
အကောင်း အဆိုးနဲ့ သွန်းထုထားတဲ့
နယ်ရုပ် တစ်ရုပ် ဖြစ်တယ်။

စာမဖွဲ့လောက်တဲ့ အလှအပကို
ပင့်ကူအန် တိမ်တိုက်ထဲ
ရစ်ထွေး ချည်နှောင်ရင်း
ရူးသွပ်မှုက ရပ်မရဘူး။

ခံစားချက် ကိုယ်စီနဲ့
လည်နေ ပတ်နေတယ်။

သေချိန်တော့လည်း
သေပစ်လိုက်ရုံပေါ့။

ဆူးရင့်၊တန့်ဆည်၊
အသစ်ကို ကြိုက်တတ်တဲ့ သူငယ်ချင်း နွေမင်းသစ် (လတ်ဆတ်အမှား)သို့။




No comments:

LinkWithin

Related Posts with Thumbnails