Tuesday, August 4, 2009

ဖတ်မိတဲ့ စာတစ်အုပ်


အခုတလော ကျွန်တော် စိတ်တွေ လေနေပါတယ်
အခုတလော ကျွန်တော် စိတ်တွေ လေးနေပါတယ်
မိုးကလည်း တစ်နေကုန်နီးနီး ရွာသွန်းနေတော့
လေနေ လေးနေတဲ့ စိတ်က ပိုပြီးလွှင့်သွားပါတယ်။

စာအုပ်စင်က စာအုပ်တစ်အုပ် ဆွဲယူပြီး ဖတ်နေလိုက်တယ်
စာအုပ်နာမည်က “ကဗျာဖွဲ့နည်း နိသျည်း”
ရေးသူကတော့ ဦးတင့်ဆွေ(ပေါရာဏကထာ ကျမ်းပြုသူ)
၁၉၅၃-ခုနှစ်၊ မေလမှာ ထုတ်ဝေခဲ့တာပါ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၆ နှစ်က ထုတ်ဝေခဲ့တဲ့ စာအုပ်ပေါ့။

အဲဒီ စာအုပ်ထဲက
ကျွန်တော် သဘောကျမိတဲ့
ရှေးဟောင်း စာပေတွေကို မျှဝေပေးလိုက်ပါတယ်။

“ခါးတောင်းမြီး ဖြုတ်ပါလို့ ရုတ်ကနဲ့ အသာထိုင်
သူ့ဥစ္စာ ကြာငုံကြီးကို နီးကာမှကိုင်
ကိုင်သာနေ ထိုင်လေလေ့ကိုဘို့
သာလျောင်းရှင် တောင်တော်ဦးမှာ ဖူးရပြန်လို့”

“ ခန်းကတ္တီ မွေ့ရာထက်မှာလ
ချမ်းကပြီ ကွေးကာ မစက်နိုင်ဘု
အအေးတစ်ခါ စွက်တာကြောင့် ခက်တော့တယ်
စောင်အထဲမှာလ ဗြောင်ကြဲကာ တဒူဒူနှင့်
တဘူဘူ အံစော်နီးတယ် ကြီးတဲ့ဝဋ်ရယ်
သည်လိုသာ နံတာ ဆက်ရင်ဖြင့်
ဤကိုယ်မှာ ခန္ဓာပျက်ပါလိမ့်
မြန်စွာထွက်ပါလို့ နှာခေါင်းဖယ်
မကောင်းတယ်ဗျ သည်ဆောင်း
ခက်လှတဲ့ဖင် လက်ချကာ အသာပြင်လို့
မလာခင် ဖိကာပိတ်ရတယ် စိတ်က မကောင်း”

“ကောင်းခြောက်ဆယ် လေးရပ်နှင့်
သွေးထပ်ထပ် ရုပ်ညီ
ရှေးနိပါတ် ထုတ်မှီသည်
ဖုဿတီထွဋ်ထား
ဗိမ္ဗာနတ် ကိန္နရီလို
တသိင်္ဂီ ယိုးတော့မမှား
ဥမ္မာဒ ရုဇာမယ်လို
နုရှာတယ် အသား
မုခနွယ်နှုတ်ဖျားက ပတ္တမြားမြသဖွယ်
ကြယ်ဥက္ကာ ညဥ့်ရောင်မီးလိုပ
ခင့်မောင်ကြီး ထင်လိုက်လှတယ်
မြင့်ဆောင်ထီး ညဥ့်အလယ်မှာရှုစဖွယ် ပ၀င်းလို့
လမင်းထက် နှစ်လေးသာ အေးမြလိုက်တာ
မြင်ရသူ ဖေသက်သာတယ် ရွှေမျက်နှာ ကြည်လွန်းလှလေး”
(စလေဦးပုည)
(တစ်ချို့က ဖိုးသူတော်ဦးမင်း ရေးသည်ဟု ဆိုကြသည်)

“အသားတော် အရောင်ထွက် မှောင်နက်လို့ မည်းညို
ထောင်ထွက်နှင့် မကွဲလိုတယ် သရဲကိုယ်ဇာတိ
ခံတွင်းက သာထုတ်ဖော်လျှင် အာပုတ်စော ထိုးလိုက်ပါဘိ
သူ့ပါစပ် အပြီးပေတယ် သွားချီးတွေ အပြည့်
အနီးလေ လွန်မကြည့်ချင်ဘု ရွံစလိ ကြောက်ဖွယ်
ဖုတ်တစ္ဆေ ရုပ်ရေကျအောင်ပ ဗြုတ်တွေက ပေါလိုက်လှတယ်
ကိုယ်နံ့က ခွေးသူငယ်လို မွေးပေတယ်မသတီ ပျို့အောင်ပ
ညှီစို့စို့ လင်းတစော် နည်းတူရဲ့နော်
ဂျီးထူချက် ရှစ်ထပ်ကျော်အောင် ညစ်ပတ်တော် မူလွန်းလှလေး”

“ နီရောင်ရဲရဲ ပြည်ခဲယိုစီး သွေးညိုညစ်ပုပ် တွန့်တွန့်ရှုပ်လျက်
ဖားပြုတ်ကျောက်ကုန်း နှိုင်းနှုန်းမျက်နှာ မသာယာခဲ့
သွားမှာကျဲကျဲ နဖူးပြဲနှင့် ထူးကဲကုပ်ကွ မလှပသည့်
လင်းတဓာတ်စာ ဥပမာလျှင် ရုပ်ဝါပုပ်နံ့ တပျံ့ပျံ့တည့်”

“ ချစ်ပါ့ ချစ်ပါ့နှင့် မနှစ်ကခုတိုင်၊ လ/ထစ်မှ မူမပိုင်သည် နေနိုင်လေ ပြထွား၊
စ ပြီးမှ တစ်နည်းဖန်တယ် လ/ချီးဥာဏ် ပြုကြသလား။
ယခုမှ မရှုလို အမှုကို ၀ှက်ကြား၊
လ/ဥလို သက်ထားက ကြံအားပေ့ ခင်ရယ်၊
မမှန်လျှင် မကြံကြပါနှင့် လ/ဆံမှ ကြောက်ပါဘူးကွယ်။
အတွေးနှင့် အရေးခြယ်သည် လ/မွှေးနှယ် လိမ်ရှုတ်လို့၊
လ/ဖုတ်က မျက်နှာအို မင်းဘာပြုဆို၊
စ ပြီးမှ မကြီးညိုရယ် ငါ့ရီးလို အို လုပ်ပါနှင့်လေး”

“ လောကဇာတ်ခုံ ဤလူ့ဘုံကား
တွေ့ကြုံဆုံကွဲ ဖြစ်ရမြဲတည်း
ဝမ်းနည်း ၀မ်းသာ မရှိရာရှင့်”

“အချစ်အချစ် ဤအချစ်ကား
အချစ်တကယ် အမြစ်တွယ်က
ဘယ်ဝယ်ဘယ်တွက် ဆင်ခြေဖက်လည်း
ပယ်ဖျက်အတင်း သူ့ဇာတ်သွင်း၏
ပျော်ခင်းသွယ်သွယ် မြှူစဆွယ်၍
နောက်ဝယ်မယွင်း ပူဇာတ်ခင်းသည်
နှစ်မင်းသူဖြစ် ထိုအချစ်”

“သနစ်စုံ ဖြစ်ပုံဖြင့် ခက်သား
မလေးခင် ပေလွှာရေးတယ် ဝေးတစ်ရပ်ခြား”
(စလေဦးပုည)

“လှိုက်လှိုက်ကယ်ဖို ရှိုက်ငိုလို့ တိတ်ဘဲ
မယ့်သည်းခြာ မယ်ထူပါ့မယ် မြပုခက်လွှဲ”
(ဦးဖေကြော့)

“ နှင်းဆီကယဉ် သဇင်ကပြုံး
အပွင့်မှာ ပန်တော်ဝင်ပေ့
အပင်မှာ ဘယ်အတွက်ကြောင့် ဆူးဖက်သတုံး”
(ဦးစံသူ)

“ ခေတ်ဇမ္ဗူ ချစ်သူကြောင့် စိတ်မအေး
ကုန်မလန်းနိုင်ဘု ထုံပန်းကြူ ဇာပေါ်က
ကူပါသော် ပူတာရှင်းလေငဲ့ ဆင်းရွှေရုပ်သွေး”
(ဘိုးဝဇီရ)

“ ပစ်မခွာ နှစ်တစ်ရာ ရှည်မြင့်အောင်ပ တည်ခွင့်ပါဗျ
မေတ္တာငယ်လှိုင် သစ္စာတိုင် ယိုင်မကျိုးပါနဲ့ ရိုးမြေပြာကျ”
(အချုပ်တန်း ဆရာဖေ)

“ နေမှိန်မှိန် ဆင်ဗောင်းတော် ရွှေပုသိမ်နှင့် လာချိန်တန်ပေါ့
ထပ်ထပ်ကယ်မျှော် ပြဿာဒ်ရယ် ဆောင်ဘုံပေါ်က
အကြိုတော် သည်မယ်ထောက်ရတယ် ကိုးခေါက်ပြန်ပေါ့”
(အနောက်နန်းတော် မမြလေး)

“ ထိပ်စရာ လိပ်ပြာတုန်လှလို့ လုံမမှာပန်း
နန်းရိပ်ကေညှာ စန်းမိတ်ငွေလွှာသို့
ဖြေမသာ သူရာစီးသည့်နှယ် မီးထမခန်း”
(မောင်ဘိုးရင်)

“ အဆွေးငယ်ကြွယ် အရေးသယ် မစာလှယ်လို့ ပူနယ်မဆုံး
အမြင်ဖြင့် နီးပေငဲ့ ခရီးရွှေတောင်နေသို့ ဝေးရလိမ့်အုံး”
(ဦးစံသူ)

“ ရင်ကမူ စိတ်တူညီမျှလို့ အောင် ပ ကု လား။
ခုမှကို အသစ်တစ်ဥာဏ်ပိုလို့ ဦးညို ခေမာဖြစ်ရအောင် ဖုန်းပြစ်လို့သွား။
(အမည်မသိ)

ဆူးရင့်၊တန့်ဆည်၊
စုစည်းတင်ပြသည်။

No comments:

LinkWithin

Related Posts with Thumbnails