ထောင် ချောက်ရှိတဲ့ ပန်းခင်းလမ်းပေါ် ရပ်/ ကြည့်/ သွား
ကိုး ကားစရာ ကျမ်းစာ တစ်ပွေ့တစ်ပိုက်နဲ့ ပြတ်သားရမယ်။
ဖေ ဖေ့လို မိုးထဲလေထဲ အိမ်ထဲရောက်လာတဲ့ ရဲရင့်မှုတွေ
ဖေါ် ပြဖို့ မလုံလောက်တဲ့ စိတ္တဇနာမ် အသေ/ အပျက်တွေ
ဝါ ကျင့်ကျင့် ဖြစ်ရိုးဖြစ်စဉ် ပဋိပက္ခတွေ
ရီ ဝေမှုန်ဝါးလိုက်/ လင်းသီ တောက်ပလိုက်
ဆယ် သူကယ်သူမဲ့ ခေတ်ပြေးလမ်းထဲ စုန်/ ဆန်/ စီး/ မြော
လေး နက်ပါတယ်ဆိုတဲ့ အချစ်ကလည်း ပိုလို့ လေးနက်လာခဲ့
ရက် လတွေ ပြိုဆင်းစီးကျလာတိုင်း အသက်ရှူ ရပ်ရပ်သွားတယ်။
ချစ် ကွဲငြား အပျော်ဖတ် ၀တ္ထု/ ဇာတ်လမ်းထဲက အတိုင်း
သူ များထက် မပိုတဲ့ ရင်ခုန်သံက လောက်တရွရွ/ ရွေ့
များ များလာတဲ့ သံယောဇဉ် ဖိုင်တွဲက အထပ်ထပ်/ ကိုက်
နေ့ နေ့ ညည ရွှေရောင်တံလျှပ်တွေဆီ နှစ်ယောက်အတူ ခုတ်မောင်းရင်း.......။ ။
ဆူးရင့်
၆၊ ၂၊ ၂၀၀၉
3 comments:
ကဗျာလေးကောင်းတယ် တစ်ကြောင်းစီကိုစပ်သွားတာ တော်လိုက်တာ
ချစ်သူများနေ့မှာပျော်ရွှင်ပါစေနော်
ဟောဒီ ချစ်သူများနေ့မှာပေါ့..ဦးစောဝေ အဖမ်းခံခဲ့ရ..
အဲဒီ ချစ်သူများနေ့မှာပဲ...ကရင်ခေါင်းဆောင် ဖဒိုမန်းရှာ လုပ်ကြံခံလိုက်ရ..
ငါတို့မမေ့နိုင်တဲ့ အမှတ်တရနေ့တွေက ၃၆၅ ရက်နဲ့ လောက်မှ လောက်ပါတော့မလား...
ခွာညို ပြောတာကို..
ပြောမလို့ စိတ်ကူး ခဲ့တာ.....
ဘာပြောပြော...ကဗျာလေး လှတယ်..
Post a Comment