Thursday, February 19, 2009

နားလည်မှုနဲ့ လှုပ်ရှားနေတဲ့ မြို့

ကားတွေ
ဆိုင်ကယ်တွေ
သုံးဘီး ဆိုက်တွဲတွေ
ပြီး / နောက်။

စက်ဘီးတွေ
ဆိုက္ကားတွေ
မှ / တခြား။

ဈေးသည်တွေ
ဈေးဝယ်တွေ
ထို့ / ထက်။

ဟွန်းသံတွေ
အင်ဂျင်သံတွေ
၎င်း / အပြင်။

အားလုံးဟာ
လှုပ်ရှားမှုများ အားလုံးဟာ
မီးပွိုင့် မရှိဘဲ
နားလည်မှုနဲ့ ရှောင်နေ တိမ်းနေရ
နားလည်းမှုနဲ့ ရောင်းနေ ၀ယ်နေရ
နားလည်းမှုနဲ့ ပြောနေ ဆိုနေရ
နားလည်းမှုနဲ့ သွားနေ လာနေရ ။

အားလုံးဟာ ဖုန်တထောင်းထောင်းနဲ့
အညာဆန်ဆန် ရိုးသားကြလို့၊
အားလုံးဟာ အ၀တ်နွမ်းနွမ်းနဲ့
တောသားဆန်ဆန် ပွင့်လင်းကြလို့၊
နားလည်မှုနဲ့ လှုပ်ရှားနေတဲ့ မြို့။

အားလုံးဟာ ကွမ်းယာ ယဉ်ကျေးမှုနဲ့
အားလုံးဟာ လက်ဘက်ရည် ယဉ်ကျေးမှုနဲ့
နားလည်မှုနဲ့ လှုပ်ရှားနေတဲ့ မြို့ ။

အင်တာနက်ဆိုင်မှာတောင်
ရန်ကုန်လို
အထာတွေ မရှိဘူး။
မသိရင် မသိသလို ပွင့်ပွင့်လင်းလင်း မေးတယ်
သိရင်လည်း သိသလို ပွင့်ပွင့်လင်းလင်း ဖြေတယ်
နားလည်မှုနဲ့ လှုပ်ရှားနေတဲ့ မြို့ ။

အဖြူရောင်တွေ
လိမ်းခြယ်ထားတဲ့ မြို့ကလေးဟာ
မုံရွာ
နားလည်မှုနဲ့ လှုပ်ရှားနေတဲ့ မြို့ကလေးဟာ
မုံရွာ

ကောင်မလေးနဲ့ ဆုံစရာဆိုလို့
မနက်ဖြန် တစ်ရက်ပဲ ။
ဆူးရင့် ၊ တန့်ဆည် ၊

4 comments:

စိုင်းစိုင်းလားရှိုး said...

အမောင် ဆူးရင့် ထန်းတောမှာ ဖုန်ကြီးစိုးတာ ထန်းဂုဏ်ရည်တက်စေတယ်။ အညာမှာ ဖုန်ပေါတာ မဆန်းပါဘူး။ မုံရွာကို မရောက်ခင် မြင်းမူမှာ အပျင်းထူတုန်းက ထန်းရည်ကို လက်နဲ့ဆွဲခဲ့တာတွေ အမှတ်ရတုန်းပဲမောင်။

မသက်ဇင် said...

ကဗျာကောင်းလေးလာဖတ်ပါတယ်--
ပျော်ရွှင်ပါစေ--

mhyawlintchin.blogspot.com said...

ဗျာ........ မုံရွာနဲ့ပတ်သက်တဲ့ကဗျာလေးပါလား
ကျွန်တော်လေ.......... ဖတ်ပြီးရင်ထဲမှာခံစားမှု
လေးတစ်ခုစီးဆင်းသွားတယ်ဗျ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုတိုင် မုံရွာကို
ရောက်ခါ ရွှေညာသူကို ချစ်ခဲ့မိလို့လေ
နားထဲမှာ မုံရွာလို့ကြားလိုက်တာနဲ့
ရွှေတောင်ဦးဘုရားရယ် ဗောတိတစ်ထောင်ရယ်
မိုးညှင်းဘုရားရယ် ဖိုးဝင်တောင်ရယ်ပေါ့ဗျာ သူနဲ့အတူ ဆိုင်ကယ်လေးစီးပြီး လျောက်လည်ခဲ့
တဲ့အချိန်တွေ အရမ်းသတိရတာပဲဗျာ ကျွန်တော်
ချစ်တဲ့ မုံရွာမြို့နဲ့ ကျွန်တော်ချစ်တဲ့ ရွှေညာသူ
ရိုးသားခြင်းတွေနဲ့ စီးချက်ညီနေတဲ့ ဌာနေအကြောင်းလေးရေးထားတာ ကျွန်တော့်ရင်မှာ ဂီတသံစဉ်တစ်ပုဒ် ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ စီးမျော်နေတယ်ဗျာ ထန်းတစ်လုတ်ချောင်းက ရေစီးသံနဲ့အတူပေါ့ .......... ကျေးဇူးအထူးတင်လျက်ပါ

ATN said...

သည်အဖြူရောင်မြို့လေးကိုတော့ နှစ်သက်သွားပြီဗျို့...

LinkWithin

Related Posts with Thumbnails