Tuesday, February 3, 2009

သာရလင်းရေးတဲ့ မုန်တိုင်းကြားမှ လွတ်မြောက်သူ


စာရေးဆရာ သာရလင်းက ပြောပါတယ်
နာဂစ်လေဘေးသင့် ပြည်သူတွေ အတွက်
စိတ်အားဖြည့် စာအုပ်လေးတစ်အုပ် လုပ်ချင်တဲ့ အကြောင်း
စာအုပ်ပြီးရင် လေဘေးသင့် ပြည်သူတွေဆီ
ကိုယ်တိုင်သွားရောက်ပြီး
မေတ္တာလက်ဆောင် စာအုပ်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ
ထောက်ပံ့ လှူဒါန်းချင်တဲ့အကြောင်းပါ။

နောက်
ကိုဆူးရင့်က
မျက်နှာဖုံးနဲ့ အတွင်းသရုပ်ဖေါ်ပုံတွေ ဆွဲပေးပါဦးတဲ့။

ကျွန်တော်လည်း စွမ်းနိုင်တဲ့ဘက်ကနေ
ကူညီပေးလိုက်ပါတယ်။

အခု စာအုပ်ပုံလေးကို
ကျွန်တော့် ဘလော့မှာ မတင်ရသေးလို့ တင်လိုက်တာပါ။

၂၀၀၈၊ နိုဝင်ဘာလတုန်းက
စာရေးဆရာ သာရလင်းကိုယ်တိုင်
စာအုပ်(၇၀၀)နဲ့ ထောက်ပံ့ရေးပစ္စည်း အလှူတော်ငွေတွေကို
သွားရောက်လှူဒါန်း ပြီးသွားပါပြီ။

စာရေးဆရာ သာရလင်းရဲ့ ပရဟိတလုပ်ငန်းလေး အတွက်
အားလုံး သာဓုခေါ်ကြဖို့ မျှဝေလိုက်ခြင်းပါ။
ဆူးရင့်


3 comments:

ရွှန်းမီ said...

သာဓု လာခေါ်ပါတယ်း-)

ဆန့်ကျင်ဖက် မျဉ်းများ said...

အကိုရေ ကျနော်လည်း သာဓုခေါ်ပါတယ်။

စိုင်းစိုင်းလားရှိုး said...

သာဓု သာဓု သာဓု ပါဗျာ။

LinkWithin

Related Posts with Thumbnails