Wednesday, December 17, 2008

သက်တော်ရှည် မစိုးရိမ်ဆရာတော်ကြီး ဘ၀နတ်ထံ ပျံလွန်တော်မူခြင်း









သက်တော်(၉၆)နှစ်ရှိပေမယ့် ။ ၀ါတော်(၇၆)၀ါရရှိခဲ့ပေမယ့်

ဆရာတော်ရဲ့ စိတ်ဓာတ်တော်ဟာ ပြင်းထန်ခိုင်မာနေဆဲ
တိုင်းပြည်နဲ့ လူမျိုးကို ဘာသာနဲ့ သာသနာကို
ချစ်နေဆဲ
ဘယ်လောက်ပဲချစ်ခဲ့ပေမယ့်
လူသားမှန်သမျှ အားလုံးဟာ တစ်နေ့တော့
သေခြင်းတရားဆီ
အသေအချာ သွားကြရမှာ ဖြစ်တဲ့အလျှောက်
ရန်ကုန်တိုင်း ၊ စမ်းချောင်းမြို့နယ် ၊ ပြည်လမ်း ၊မြေနီကုန်း ၊မစိုးရိမ်ပရိယတ္တိစာသင်တိုက်ကြီးရဲ့
ဦးစီးပဓာန မဟာနာယက ဖြစ်တော်မူတဲ့
မစိုးရိမ်သက်တော်ရှည်
ဆရာတော်ကြီးဟာ
ဒီနေ့
၁၃၇၀-ပြည့်နှစ် ၊ နတ်တော်လပြည့်ကျော်(၅)ရက်
(၁၇၊၁၂၊၂၀၀၈)
ဗုဒ္ဓဟူးနေ့
မနက်(၂း၁၅)မိနစ်အချိန်မှာ
ဘ၀နတ်ထံ ပျံလွန်တော်မူသွားခဲ့ပါတယ် ။
ဆရာတော်ရဲ့စိတ်ဓာတ်တော်ဟာ
နောင်ဘ၀မှာလည်း
လင်းလက်ပြင်းထန်နေဦးမယ်လို့ ထင်မိပါရဲ့ ။
ဒီစာစုလေးနဲ့ ဆရာတော်ကြီးရဲ့ ကျေးဇူးတော်ကို ပူဇော်တုန့်ဆပ်လိုက်ပါတယ် ။
ဆရာတော့်ကျေးဇူးတော်နဲ့ နှိုင်းစာရင် ကျွန်တော့်ရဲ့ ပူဇော်မှုဟာ
တကယ့် အသေးအမွှား
မြူတစ်မှုန်စာလောက်ပဲ ရှိပါတယ် ။
သက်တော်ရှည် မစိုးရိမ်ဆရာတော်ကြီးရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်တော်ကို
နတ်တော်လပြည့်ကျော်(၉)ရက် ။(၂၁ ၊ ၁၂ ၊ ၂၀၀၈) တနင်္ဂနွေနေ့
နေ့လည်ပိုင်းမှာ
အန္တိမဈာပနသဘင်ဆင်ယင်ကျင်းပပြီး
တပည့်ဒကာ+ဒကာမတို့က စည်ကားသိုက်မြိုက်စွာ
ပြုလုပ်ကြမှာ ဖြစ်ပါတယ် ။
ထိန်ပင်သုဿာန်မှာ မီးသင်္ဂြိုလ်မည်ဟု သိရပါတယ် ။

ဆူးရင့်

1 comment:

laminkhin said...

ဆရာတော်ဘုရား ဘ၀နတ်ထံပျံလွန်သွားတဲ့အတွက် နှမျောတသမိပါတယ် ဆရာတော် တို့ လားရာဂတိက တိဟိတ်ဥက္ကဌ ဒါမှမဟုတ် ဘုံစဉ်စံပြီး နိဗန်လမ်းမြတ်ဆိုတာ သေချာပါသည် ။ စိတ်ချမှခန္တာဝန်ချမဲ့ သူတော်စဉ် ကြီးအား ဦးခိုက်ရိုကျိုး ရှစ်ခိုး လိုက်ပါသည်။

LinkWithin

Related Posts with Thumbnails